U8818 G300 တွေ Ginger Bread တွေသုံးမနေနဲ့တော့ ICS ကိုပြောင်းလိုက်တော့နော်………..
ဘာမှတော့ မခက်ပါဘူး….
အလွယ်ဆုံးသော Fimware တင်နည်းတွေထဲမှာ ပါတဲ့ Huawei တွေ ပဲ ကိုင်လိုက်ပါ။
ပျက်သွားလည်းပြင်လိုက် လွယ်ပါတယ်။
ကဲ ဒါလေးတွေ Download ဆွဲ လိုက်ပါ။
Ascend G300-U8818 (Android 4.0) V100R001C17B926(China Unicom)
2ခုလုံးဆွဲပြီးရင်တော့ အပေါ်က Zip ကို Extract လုပ်ပါ။
Auto 2ဖိုင်လုံး Extract သွားပါလိမ့်မယ်။
Dload ဖိုင်လေးတွေလိမ့်မယ်။
SD Card ထဲထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။
Update Keyလို့ပဲခေါ်ရမှာပဲ (Volume Down + Volume Up +Power) ကို
ဖိသာနှိပ်လိုက်ပါ။
ဒီလိုပုံလေးတွေလိမ့်မယ်။
မတွေပဲ Huawei Logo တက်လာရင် Battery ဖြုတ်ပြန်နှိပ်ပါ။
Update လုပ်နေရင်းနဲ့လဲ Update Failed ပေါ်ရင် Battey ဖြုတ်ပြန်နှိပ်။
ဘာမှမစိုးရိမ်နဲ့ဖုန်းမပျက်ဘူးနော်။
သတိပေးလိုက်အုံးမယ်။
အကုန် Backup လုပ်အုံးနော်။
Contacts,Message,Call logs တွေပျက်မှာစိုးရင် Back up လုပ်နော်…
မသိရင်လဲပြောပါ။ Back up Software တင်ပေးပါ့မယ်။
OK ပါစေ နော်။
ပြီးရင် Root လုပ်ပြီး မြန်မာဖောင့် ထည့်လိုက်တော့နော်….
Developer option ထဲက USB Debugging ကို အမှန်ခြစ်ပါ။
Unknown Source ကို အမှန်ခြစ်ပါ။
ဒါလေးကို Download ဆွဲပါ။
ပြီးရင်တော့ Extract လုပ်ပြီး computer မှာ
Install ဆွဲပါ။
ပြီးရင် Huawei Driver ထည့်ရဦးမယ်နော်….
ဒီမှာဒေါင်းလိုက်ပါဦး။
Driver ထည့်လိုက်ပါ။
Driver မထည့်တက်တဲ့သူတွေမေးလိုရပါတယ်နော်…..
ပြီးရင် Unlockbootloader.exe ကို Run လိုက်ပါ။
ဒီလိုပုံလေးတွေပါလိမ့်မယ်။
ဖုန်းကို ဒီအတိုင်းပဲ USB ထိုးပြီး Computer နဲ့ချိတ်လိုက်ပါ။
ဖုန်းကို ဖွင့်ထားနော်။ဘာမှနှိပ်စရာမလိုပါဘူး။
ပြီးရင် UnlockBootloader ထဲ က Root ဆိုတာလေးကို နှိပ်လိုက်ပါ။
ကျန်တာဘာမှမနှိပ်ပါနဲ့တော့။
Auto Run ပြီး Unlockbootloader ကြီးပျောက်သွားတဲ့အထိ
ထိုင်စောင့်ပါ။ပြီးရင်တော့ ကြည့်လိုက် အစိမ်းရောင် အရိုးခေါင်းလေးတွေပြီပေါ့။
မေးလိမ့်မယ် Super User request နော်
Allow လုပ်ပေးလိုက်ပါ။
Myanmar Font ထည့်လိုက်တာပေါ့နော်။
ဒီ Zip ဖိုင်လေးဆွဲလိုက်နော်။
Folder တစ်ခုထဲမှာ apk ၂ဖိုင်တွေလိမ့်မယ်။
ဖုန်းထဲမှာ Install ဆွဲပါ။
Zawgyi font changer ကိုဝင်ပြီး ပထမစာကြောင်းကို ရွေးပါ။
Super Uesr Request ကို Allow ပေးလိုက်ပါ။
Auto Reboot ကျသွားပါလိမ့်မယ်။
ပြီးရင်တော့ Keyboard လေးပြောင်းလိုက်တော့နော်။
အားလုံးအဆင်ပြေပါစေနော်….။ U8818D အတွက်ကတော့ မထွက်သေးပါဘူး။ထွက်ရင်တင်ပေးပါ့မယ်။
ဒီ Post လေးကို နတ်မောက်မှာ Diploma In Computer Studies တက်တုန်းက ခင်တဲ့ ဘော်ဒါအတွက်ပါ……
Related News:
Category: Firmware တင်နည်းများ, Root လုပ်နည်းများ













ကျေးဇူးပဲအကိုရေ…… အကို u8661 ကိုကော် အဲလို လုပ်လို့ မရဘူးလား…
U8661 ကတော့ 2.3 မှာပဲဆုံးသွားပါပြီ။
သူအတွက် Offical ထက်မထွက်တော့ပါဘူး…..
ဒေါင်းလွတ်ဆွဲလို့မရတော့လို့ ကူညီပါအုန်း
down လို့ မရတော့ပါဗျ
ရပြီအစ်ကိုတို့ရေ…အသစ်ပြန်တင်ပေးထားပါတယ်…..
part 2 ပဲတွေ့တယ်ဗျာ…part 1 ကဘယ်ရောက်သွားတာလဲမသိဘူး..ကူညီပါဦး
Hello Bro,
My phone is U8818.
I wanna downgrade to 2.3.6 original firmware.
Now, I’m upgrade 4.0 official firmware B926
Please help me,
I have a problem “Update Failed” appear my phone U8818,
Please
Bootloader unlock လုပ်ပြီးဆင်းပါ..
အကို Huawei Ph တိုင်းက ဒီနည်းအတိုင်းဘဲ firmware upgrade လုပ်ရတာလား (မသိလို့  မေးတာပါနော်)
အကို part 2 ဘဲ တွေ့ တယ် part 1 မရှိဘူး
ကိုဖြိုးချမ်းခင်ဗျား၊ ကျွန်တော်မှာ Huawei v4.0.3 B926 ကို မြှင့်လိုက်ပါတယ်။ cwm recovery ကို ဘယ်လိုမှ
သွင်းလို့မရဘူးဖြစ်နေပါတယ်။ CWM recovery installer နှင့် cwm တင်ပါတယ်။ ဒါပေမယ့်လို့ Failed ဖြစ်သွားပါတယ်။ တခြားဆိုက်(မြန်မာ) ကလည်း သွင်းပါတယ် မရဘူးဖြစ်နေပါတယ်။
ကျွန်တော်က JB 4.1.2 rom ကို တင်ချင်လို့ပါ။ ဒီ JB V4.1.2 rom ကို cwm recovery တင်ပြီးမှ recovery ကနေ zip ဖိုင်ကို install update လုပ်တာ မဟုတ်လား ခင်ဗျား။ cwm recovery သွင်းပြီးမှ ဒီ 4.1.2 ကိုတင်ရမှာဆိုရင် cwm recovery လေးကို ကူညီပေးပေါဦးခင်ဗျား။ ကိုဖြိုးချမ်း Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် update fail ဖြစ်မှာ မပူနှင့်တော့။ ဒီမှာလာပြီ Huawei stock Recovery Installer နှင့် CWM recovery တင်လို့ ရလားခင်ဗျား။
Ascend G300-U8818 (Android 4.0) V100R001C17B926(China Unicom)
ဆွဲမရပါ ကူညီပါခင်ဗျာ
အားလုံးပြီးသွားပါပြီ ဒါပေမယ့် ဇော်ဂျီ ဖောင့် ကခုထိ auto reboot လုပ်နေတယ် ဘယ်လိုကြောင့်လဲမသိဘူး
reset ကျမသွားဘူးဗျ