C8813 Root လုပ်နည်း.

အရင်ဆုံး Bootloader Unlock အရင်လုပ်ရမယ်…

http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock

ဒီကိုသွားလိုက်ပါ..

ဒါလေးတွေမယ်….

အမှန်ခြစ်ပြီးအနီရောင်လေးနှိပ်လိုက်ပါ။

ပြီးရင်အချက်အလက်တွေထည့်ရမယ်..

ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။

၁။ Serial Number ကြည့်ရမယ်။

၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။

၃။ PID ကိုကြည်ရပါမယ်….

 

Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။

ဥပမာ။            ။                 N5T4CB9261909742

 

MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။

ဥပမာ။          ။                a0000036e0bb98

တရုတ်လိုတွေရေးထားပါတယ်။လုပ်ရမယ့်လမ်းစဉ်တွေကို ရေးပေးထားပါတယ်။

PID ကို *#*#1357946#*#* နဲ့ကြည့်ရပါမယ်…

 

ပထမဆုံးစာကြောင်းကိုကိုယ့်ရဲ့ Email လိပ်စာထည့်ပါ။

ဥပမာ။            ။             [email protected]

ဒုတိယစာကြောင်းက Category ရွေးခိုင်းတာပါ။အောက်ဆုံးကဟာကိုရွေးပေးလိုက်ပါ။

တတိယစာကြောင်းက Type ကိုရွေးခိုင်းတာပါ။Huawei C8813 ကိုပဲရွေးရမှာနော်…..

စတုတ္ထစာကြောင်းက IMEiD ကိုရေးခိုင်းထားပါ။

အောက်ဆုံးကတော့ PID နော်…..

အားလုံးဖြည့်ပြီးရင် အနီလေးကို နှိပ်လိုက်ပါ။

၂ရက်၊၃ရက်လောက် ကြာရင် Huawei ကနေ mail ပိုပေးပါလိမ့်မယ်။

Huawei ကပို့တဲ့ mail မှာ Code ၁၆ လုံးတွေပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။ Unlock လုပ်ဖို့ Code တွေပါ။

Unlock လုပ်ရမဲ့နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။

ဒီဖိုင်လေးကိုအရင် Download လုပ်ပါ။

C8813 Root

Password: www.myanmarmobilesoftwaredeveloper.com

ပြီးရင် rar ကို Extract လုပ်လိုက်ရင်

Huawei Unlocker.exe ကို တွေ့လိမ့်မယ်…

Run လိုက်ပါ

Fastboot Mode ၀င်ပြီး လုပ်ပါ….

Volume Down + Power ကို ဖိနှိပ်လိုက်ရင် logo မှာရပ်နေလိမ့်မယ်…

ကြိုးထိုးပြီး Huawei Unlocker.exe မှာ code 16 လုံးရိုက်ပြီး Enter ခေါက်လိုက်ရပါပြီ။

ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်….

ပြီးရင် Cache တွေရှင်းတာကိုတွေ့ရလိမ့်မယ်..

လုံးဝပြန်တက်လာတဲ့အထိစောင့်ပေးပါ….

မစောင့်ပဲလုပ်ရင် Recovery Mode မှာပဲ လည်နေပါမယ်…

USB Debugging နဲ့ unknown Sources ကို on ထားပါ..

ပြီးရင်တော့ Root ဖောက်လို့ရပါပြီ…

update.zip ကို SD Card ထဲထည့်လိုက်ပါ..

C8813 one Key root.exe ကို run လိုက်ပါ..

ပြီးရင်တော့ Volume Down + Power နဲ့ Fastboot ၀င်လိုက်ပါ….

Screenshot - 1_29_2013 , 2_21_08 PM

Logo မှာရပ်နေပါလိမ့်မယ်…..

သုံးကြောင်းမြောက်က Bootloader Recovery ကိုနှိပ်လိုက်ပါ….

Reboot ကျတဲ့အထိစောင့်ပါ……

ပြီးရင် Battery ဖြုတ်လိုက်ပါ…

Volume + Power နဲ့ Recovery Mode  ၀င်လိုက်ပါ…

1_130126163245_1

update.zip ကိုရွေးလိုက်ပါ..

ပါဝါပြန်တက်လာရင်ကြည့်လိုက်ပါ….

အသစ်လေးတွေတွေ့ရပါလိမ့်မယ်……

ဖြိုးချမ်း (Admin At MMSD)

 

 

Post By ဖြိုးချမ်း(Admin At MMSD) (609 Posts)

စွန်လွတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ သူလွတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတာမျိုးပါ

Connect

ဖြိုးချမ်း(Admin At MMSD)

ဖြိုးချမ်း(Admin At MMSD)

စွန်လွတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ သူလွတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတာမျိုးပါ

More Posts

Follow Me:
FacebookGoogle Plus

Category: Root လုပ်နည်းများ, Uncategorized

ဖြိုးချမ်း(Admin At MMSD)

About the Author ()

စွန်လွတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ သူလွတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတာမျိုးပါ

Comments (18)

Trackback URL | Comments RSS Feed

  1. Htun Htun Win says:

    ကိုဖြိုးချမ်းရေ…အရင် Huawei U8825D , U8950D တွေတုန်းက Bootloader Unlock လျှောက်တာ ဖုန်းကနေ ၀င်ပြီးတော့ လျှောက်ရင် တော်တော်မြန်တာတွေ့တယ်…။ ၅ နာရီ လောက်ပဲကြာတာတွေ့မိတယ်..ကွန်ပျူတာကနေလျှောက်ရင်တော့ ၃-၄ ရက်ပဲ..။ ကျန်တဲ့ ဘော်ဒါတွေလည်း စမ်းကြည့်လိုက်ပါ..ကျွန်တော်ကတော့ အခုနောက်ပိုင်း ဖုန်းကနေပဲ လျှောက်တော့တယ်..။

  2. Htun Htun Win says:

    ကိုဖြိုးချမ်းရေ.. လိုရမယ်ရ သုံးချင်တဲ့ဘော်ဒါတွေအတွက် လင့်လေးတစ်ခုပေးပါရစေ..။ Huawei Unlock Apk ဖြစ်ပါတယ်…။ http://www.mediafire.com/?ja84u5hxzm4lcdl မှာဒေါင်းလိုက်ပါနော်..။

  3. 4khant says:

    ကိုဖြိုးချမ်းရေ….ကျွန်တော် c8813 ကို root လုပ်ပြီးပါပြီ မြန်မာ စာလဲ အဆင်ပြေပါတယ်
    ဒါပေမယ့် Viber , Tango , skype စတဲ့ ဆော့ဝ်တွေမှာ message ပို့လို့ ပဲရနေတယ်.
    ဖုန်းခေါ်လို့မရလို့ပါ.. viber မှာ တစ်ဖက်လူက ခေါ် တာ ကိုanswer လုပ်ထားပေမယ့် သူဘက်မှာ Dailing Tone မည်နေတုန်းပါ.. ကျွန်တော့်ဘက်မှာတော့ ဘာမှ မကြားရပါဘူး…
    Skype လဲ အဲ့လိုပါပဲ Answer လုပ်တာနဲ့ call end ဖြစ်သွားပါတယ်…
    Tango လဲ တူတူပါပဲ… root မလုပ်ခင်က အားလုံး အဆင်ပြေနေပါသေးတယ်…
    ဘယ်လိုပြန်လုပ်ရမလဲ သိချင်ပါတယ်… ကူညီပေးပါအုံး အစ်ကိုရေ… အခြားသိတဲ့ အစ်ကိုတွေ အားလုံးကို အကူအညီတောင်းပါတယ်ဗျာ…

  4. ko aung says:

    ko khant ကျွန်တော့ c8813 မှာလဲvoip service တွေအဆင်မပြေဘူး viber အတွက်တော့ viber vertion 22222 နဲ့အဆင်ပြေတယ်

  5. t kyi khant says:

    အမှောင်ထဲခဲပစ်

  6. aung paing oo says:

    အကိုတို့ရေကူညီပါအုံးကျွန်တော် c8813 ကို unlockbootloader လုပ်တာ code ပြန်မပို့ဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲ

  7. BO Thein says:

    အစ ၀ယ်ပြီး သုံးကတည်းက VOIP Service တွေ မရဘူး (Viber, Tango, Skype) ဖုန်းပြောလို့တော့ရတယ်
    root လဲလုပ်ပြီးရော ဖုန်းခေါ်ရင် တစ်ဖက်လူက ကိုယ်ပြောတာမကြားရတော့ဘူး
    VOIP Service တွေကတော့ နဂိုအတိုင်းပဲ မရဘူး
    ဖြေရှင်းမယ့်နည့်လမ်းလေးသိတဲ့လူများရှိရင် လမ်းညွန်ပေးကြပါအုံး …

  8. ကိုစိုင်း (neo) says:

    အကိုတို့ရေ…
    ကျွန်တော်ဆရာလုပ်တာတော့မပာုတ်ပါဘူး
    ကျွန်တော်ကတော့ အရင်က Root ဖောက်ပီးမှ သုံးပါတယ်..
    ဒါပေမယ့် အကိုတို့လို ပြသနာလေးတွေရှိနေတော့… မဖောက်ဖြစ်တော့ဘူး
    4.1.1 တွေကို Theme ပြောင်းပီး မြန်မာလိုသုံးလို့ရတာလေးနဲ့ ပဲ ထည့်ပေးလိုက်တယ်…
    ဆိုင်သမားတွေတော့အဆင်ပြေတာပေါ့…
    အလွယ်လို့လဲပြောလို့ရပါတယ်….

  9. ကိုနေ says:

    ကျနော့်  c8813 ကို volume down+power ၅မိနစ်လောက်ထိကိုနိပ်တာ လိုဂိုလည်းတက်မလာဘူး
    ဘာဆက်လုပ်ရမလည်းမသိတော့ ဘူး သိရင်ပြောပေးပါခင်ဗျာ ဆိုင်နဲ့ လည်းဝေးတဲ့ 
    နေရာ မြန်မာဖောင့် လည်းမထည့် ရသေး လက်တည့် ကလည်းစမ်းချင် သိရင်ပြောပါ
    ခင်ဗျာ code လည်းရပါပီ လိုတဲ့ ဆော့ ဝဲလ်တွေလည်းဒေါင်းပီးပါပီ

  10. MMA says:

    Can’t enter fastboot mode. Pls help.

  11. myatzaw says:

    c8813d ကို uplock code / root လုပ်တာအဆင်ပြေပါတယ် gapps သွင်းချင်တာ cwm ကနေသွင်းမှရမယ်ဆိုတော့ error ကင်းအောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ.. ကိုဖြိုးချမ်းနှင့်ဘော်ဘော်တွေကူညီပါဦး

  12. Ar Kar Min Min says:

    I have a problem installing in recovery mode. Someone help

  13. Micro says:

    အကိုရေ မြန်မာစာကိုဖတ်ရတာ အဆင်မပြေဘူး စာလုံးတွေရှေ့နောက်မှားပေါ်တာ တွေ ဖြစ်နေလို့ ဘယ်လိုလုပ်ရပါမလဲ

  14. Smile says:

    အကိုတို့ရေကူညီပါအုံးကျွန်တော် c8813 ကို unlockbootloader လုပ်တာ code ပြန်မပို့ဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲ စာတော့ပြန်လာတယ် code မှားတယ်ပဲပြောတယ် ဘယ်လိုဆက်လုပ်ရမလဲ လုပ်ပြီးသူများ information ရှိရင် ပေးကြပါအုံး

  15. thuhein says:

    TZ ! Bro

  16. aung aung says:

    c8813 root ကိုdown တာဘာမှပါမလာဘူး folderအလွတ်ကြီးပဲပါလာလို့ ကူညီကြပါဦး

Leave a Reply