NOTE 3 LTE (N9005) Root ရပြီးမြန်မာစာမရဘူးဆိုတဲ့သူတွေအတွက် … Another Method

| October 16, 2013 | 20 Replies

20131014_170030 20131014_170017 20131014_170000 20131014_170316 20131014_170204 20131014_170951

ဒါကတော့ Note3 LTE ကို ROOT နည်းနောက်တမျိုးပါ … မြန်မာစာပါမှန်တဲ့နည်းပေါ့
တွေ့ရှိထားသူတွေက KO SI Thu & KO Myo  တို့နှစ်ယောက်ပါ … ကျွန်တော်ပြန်လည်မျှဝေပေးလိုက်ပါတယ်
တယောက်နဲ့တယောက်ပြုလုပ်ပုံပြုလုပ်နည်းမတူကြပါဘူး … ကယ်စီယမ်ကွေကာကိုကိုယ့်အတွေးနဲ့ကိုယ်သောက်သုံးကြသလိုပေါ့ :P

N9005 ကို မြန်မာစာဖောင့်ထည့်တာ တော်တော်တိုင်ပတ်သွားတယ်ဗျာ..

Root လို့ ရပေမယ့် Font ကျတော့ထည့်လို့ မရဘူး..Font Changer တွေလည်းအစုံစမ်းကြည့်တာ တစ်ခုမှအဆင်မပြေဘူး..

အဲ့ဒါနဲ့  KO MYO ကိုမေးကြည့်တော့ သူပေးတဲ့ Link နဲ့ စမ်းကြည့်လိုက်တာ အဆင်ပြေသွားတယ်ဗျာ..

အားလုံးလည်းသိအောင်မျှဝေပေးလိုက်ပါတယ်..လုပ်ရမှာကတော့ Custom Recovery တင်ပြီး

Recovery ကနေ Rooted Firmware ကို Flash ပေးရမှာပါ..လိုအပ်တဲ့ Software တွေကို Down လိုက်ပါ..

Custom Recovery ကို ဒီမှာ Down ပါ..

DOWNLOAD HERE

Odin ကို ဒီမှာ Down ပါ..

DOWNLOAD HERE

Recovery ကနေ Flash ရမယ့် Rooted Firmware ကို ဒီမှာ Down ပါ..

PRE ROOT DOWNLOAD HERE

( Odin နဲ့ တင်လို့ ရတဲ့ Firmware ရှိပေမယ့် Link က Access Denied ဖြစ်နေတယ်..)
လိုတာလေးတွေ Down ပြီးရင် ဖုန်းကို ပိတ်ပြီး Download Mode ၀င်လိုက်ပါ..

Vol – Home Power ကိုတွဲနှိပ်လိုက်ပါစာတန်းတွေပေါ်လာရင် Vol + ကိုတစ်ချက်နှိပ်ပေးလိုက်ပါ Download Mode ၀င်သွားပါလိမ့်မယ်..

Odin ကိုဖွင့်လိုက်ပါ..AP ဆိုတဲ့အကွက်ကလေးမှာ Note 3 N9005 For CWM by KO SI THU.tar  file လေးကိုထည့်လိုက်ပါ..

Download Mode ၀င်ထားတဲ့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ..Odin မှာ ဖုန်းကိုသိသွားတာနဲ့ ..Start ကိုနှိပ်လိုက်ပါ..

သူ့ ဟာသူ တင်စရာရှိတာ တင်နေပြီးရင် Phone က Reboot ကျသွားပါလိမ့်မယ်..

Rooted Firmware ကို SD card ထဲထည့်ပါ..SD card ကို Phone ထဲပြန်ထည့်ပါ..

Phone ကို Power ပိတ်ပြီး Recovery Mode ၀င်ပါမယ်..Vol + Home Power စုံနှိပ်ထားလိုက်ရင် Recovery Mode ထဲဝင်သွားပါမယ်.

Choose zip form sd card ထဲကနေ Rooted firmware ကိုရွေးပြီး Install လုပ်လိုက်ပါ..

ကျွန်တော်လုပ်တုန်းကတော့ ငါးမိနစ်ဝန်းကျင်လောက်ပါပဲ.. ပြီးတာနဲ့  Phone Reboot ကျပြီး

Root ပြီးသား Firmware လေးတက်လာရင် ကြိုက်တဲ့ Font Changer ထည့်သုံးလိုက်တာနဲ့ 

မြန်မာဖောင့် အဆင်ပြေသွားပါပြီ….

CREDIT TO KO Myo & KO SI Thu

THANK YOU FOR WATCHING MY POST!!!

Category: Android Tutorial, Root လုပ်နည်းများ

About the Author ()

Comments (20)

Trackback URL | Comments RSS Feed

  1. michaelsanay says:

    ကျေးဇူးအရမ်းတင်တယ်ဗျာ သူငယ်ချင်းတယောက်ရဲ့ဖုန်းက note3 ပါ မြန်မာ font မရလို့ တိုင်ပတ်နေတာ အခုတော့ စမ်းလို့ရပြီ thank u so much brother’s

  2.့ ဟိန်းစိုး says:

    အဲဒီအတိုင်းလုပ်တာ မ၇ဘူးဖြစ်နေတယ် ကူညီပါအုံး…font changer ဆိုတာ ဘာကိုဆိုလိုတာလဲ သိချင်ပါတယ်…ဇော်ဂျီကို ပြောတာပဲလား တစ်ခြား font လား…အဆင်ပြေမယ်ဆို၇င်ဖုန်းခေါ်ပီးတော့ ပြောပြစေချင်ပါတယ်…+၆၅၉၃၃၇၉၇၃၈

  3. wa than says:

    ကျေးဇူးတင်ပါတယ်ကို နောက်ထက်လည်းဒီထက်မကတင်နိုင်ပါစေ အကိုကျေးဇူးကြောင့်ကျွန်တော်ရသွားပြီ ကျေးဇူးများကြီးတင်ပါတယ်ကို

  4. Aungkoe says:

    အကိုရေ Note 3 firmware လေးလိုချင်ပါတယ်အဆင်ပြေရင်တင်ပေးပါလားဗျာကျေးဇူးတင်ပါတယ်….

  5. khin Mg Htwe says:

    OPSSON-IVO 6600 Version-4.2.2 ပါ Root ကျပေမယ့်  ဘယ် Changer နဲ့ မှ မြန်မာစာအဆင်မပြေလို့ ပါ ကျေးဇူးပြုပြီး ပြောပြပေးပါလား ဘယ်စာလုံးမှ ရေးလို့ မရလို့ ပါ ဘာမှကိုမပေါ်တာပါ

  6. Aung Kyaw Hein says:

    အခု share ပေးလိုက်တာ root ဖောက်တဲ့နည်းလို့ ထင်ပါတယ်။ အရင် Note1, Model 7000 တုန်းက root ဖောက်ပြီး သုံးခဲ့ဘူးတယ်။ Myanmar font နဲ့ အခြား application တွေ ထည့်သုံးတဲ့အပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်း ဖုန်းဟန်းတာတို့၊ လေးသွားတာတို့၊ ဘက်ထရီကြာကြာမခံတာတို့ ဖြစ်လာတယ်။ error များလာတယ်ဆိုပါတော့။ root ဖောက်လို့ ဖြစ်တာလို့ ထင်မိပါတယ်။ နောက်ပိုင်းကျမှ root မဖောက်ဘဲ Myanmar font ထည့်လို့ ရသွားပြီးလို့ တချို့ဆိုင်တွေက ပြောလာတယ်။ ကိုယ်က လက်လွန်သွားပြီ။ အခု Note3, Model 9005 ကို root မဖောက်ဘဲနဲ့ Myanmar font ထည့်လို့ ရတဲ့နည်းရော ရှိပါလား။ လောလောဆယ် ကျနော် S’pore က၀ယ်လာတဲ့ Note3, Model 9005 ကို root မဖောက်ရဲသေးဘူး ဖြစ်နေတယ်။ facebook တို့၊ မြန်မာ website သတင်းတို့ကိုတော့ 1st Myanmar browser ထဲကနေ ၀င်ကြည့်နေတယ်။ အဆင်ပြေပါတယ်။ စာတော့ ရိုက်လို့မရသေးဘူးပေါ့။ root မဖောက်ဘဲ၊ တနည်းအားဖြင့် original firmware / OS ကို ဘာမှ မထိခိုက်စေဘဲ Myanmar font သွင်းလို့ရတဲ့နည်းလမ်းရှိရင် share ပေးစေချင်ပါတယ်။ ကျေးဇူးပါ။

  7. nyanyelinn says:

    rooted firmware က down လို့ မရဘူး ဖြစ်နေတယ်

  8. Aung Thu says:

    Note 10.1 2014 edition မှာ မြန်မာစာမရဘူး အကို။ Root တော့ရတယ်။ Font installer အားလုံးနဲ့ စမ်းပြီးပြီ။ Smart Zawgyi 3 installer နဲ့ လည်းစမ်းပြီးပြီ မရဘူး။ ကျေးဇူးပြုပြီး ကူညီပါ။

    ကျေးဇူးတင်ပါတယ်။
    အောင်သူ
    [email protected]

  9. Alien says:

    how about Galaxy S4?

  10. Tunsg says:

    အကို တို့ ခင်ဗျာ Note 3 နဲ့ ပက်သက်လို့ ကျွန်တော်တစ်ခုလောက် Share ချင်လို့ပါ အထက်ကအကိုတွေအဆင်မပြေဘူးဆိုတာ Odin ၀င်တာရယ် PDA (PA) ၀င်တာမှားပြီးCWM ကြောင့်လည်းဖြစ်နိုင်တယ် ကျွန်တော် ရိုးရိုး Root ဖောက်တယ် မြန်မာစာထည့်တယ်အဆင်မပြေဘူး အဲတာနဲ့ ကျွန်တော် င်္ Firmware ပြန်တင်လိုက်ပြီး အလွယ်ဆုံး Font Charger တစ်ခုခု ကို သုံးလိုက်တာ အဆင်ပြေတယ် သေချာအောင် ကျွန်တော် ၃/၄ ကြိမ်လောက်လုပ်ကြည့်တယ် Firmware ကိုလည်း ဒီဆိုက်က အကိုပေးတဲ့ Link မှာပဲ Down လိုက်တာပါ

    myanmarmobilesoftwaredeveloper အမြဲအောင်မြင်ပါစေအကို

  11. aung aung says:

    S4 i9505 4.3 rooted လေးအတွက်လည်း မြန်မာစာ ဘယ်လိုရနိုင်မလဲ ပြောပြ ပေးပါဦးbro..တိုင်ပတ်နေတယ်

    • JJ says:

      Yep, me too, please help. Rooted S4 i9505 4.3. Can see myanmar font on defult browser & chrome. But myanmar font not appear on phone system (Viber, Facebook, Msg, contact, etc..).

  12. sai kaung myat san says:

    Note 3 SM-N900 root လုပ်နည်းလည်း တင်ပေးပါဦး အကို…… ကျေးဇူးတင်ပါတယ်

  13. Yamato says:

    Where can I get that LTE version in Yangon??

  14. အောင်အောင် says:

    အကို တို့စမ်းဘူးလားဗျာ Error ရောရှိလာဗျား အားလုံးအဆင်ပြေတယ်မယ်လား အကို

  15. Ruriko says:

    Dear Bros ,

    Do u have any other methods than root or update new firmware of Note3 SM9005 ??I have already tried out Ifont+ Zaw Gyifont Method too , but it doesnt work. I would like to install Myanmar font without rooting or updating firware. Please show me some Guide too. Thank you .

  16. Than Swe says:

    ဂျပန်မှာထွက်တဲ့ model နံပါတ်က တခြားနိုင်ငံတွေနဲ့မတူဘူးဖြစ်နေတယ် ဘယ်လိုလုပ်ပြီး မြန်မာစာသွင်းလို့ရနိုင်မလဲ ဒါမှမဟုတ် root လုပ်ဖို့အတွက် ဘယ်လိုလုပ်ရပါ့မလဲ

Leave a Reply